လားရှိုး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးနှင့် အနီးတစ်ဝိုက်ရှိမြို့များတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ယာဉ်များဖြတ်သန်းသွားလာ၍မရဖြစ်နေကြောင်း သိရသည်။
ယာဉ်များဖြတ်သန်းသွားလာ၍မရသဖြင့် မူဆယ်မှ လားရှိုးသို့ လာရောက်ကြမည့် ခရီးသွားများအနေဖြင့် မူဆယ်-နမ့်ခမ်း-မိုင်းဝီး-မိုင်းမော် (နမ့်ဟိုင်း)-နမ္မတူလမ်းအတိုင်း ခက်ခက်ခဲခဲ လာနေကြရကြောင်း သိရသည်။
“ကျွန်တော်တို့က ပုံမှန်အတိုင်းဆို လားရှိုး-မူဆယ်က ခဏပဲ။ အခုကတောလမ်းအတိုင်း ခက်ခက်ခဲခဲလာကြရတော့ ကားကဖိုးဝှီးမဟုတ်ရင် မလွယ်လှဘူး။ နောက်ပြီး ကားပေါ်မှာကုန်ပစ္စည်းလည်း မတင်နိုင်ဘူး။ခရီးသည်သီးသန့်ပဲတင်နိုင်တယ်။” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
မူဆယ်-နမ့်ခမ်း-မိုင်းဝီး-မိုင်းမော်(နမ့်ဟိုင်း)-နမ္မတူ-လားရှိုး ယာဉ်စီးခနှုန်းထားမှာ ခရီးသည်တစ်ဦးလျှင် သုံးသိန်းထိဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)
https://t.me/MyanmarNationalPost
No comments:
Post a Comment