လားရှိုးမြို့သို့ ယာယီနေရပ်စွန့်ခွာသူများ ထပ်မံရောက်လာပြီး ဘုန်းကြီးကျောင်းတိုက်များတွင် ရောက်ရှိခိုလှုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့သို့ ယာယီနေရပ်စွန့်ခွာသူများ ထပ်မံရောက်လာပြီး ဘုန်းကြီးကျောင်းတိုက်များတွင် ရောက်ရှိခိုလှုံ



MNP ၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီတိုက်ပွဲရှောင်သူများ ရောက်ရှိခိုလှုံနေကြရပြီး ယမန်နေ့တွင်လည်း လားရှိုးမြို့သို့ ထပ်မံရောက်ရှိလာကြရာ တိုက်ပွဲရှောင်သူများအနေဖြင့် ဘုန်းကြီးကျောင်းတိုက်များတွင် ရောက်ရှိခိုလှုံနေကြရကြောင်း သိရသည်။


တိုက်ပွဲရှောင်သူများသည် လားရှိုးမြို့နှင့် သိန္နီမြို့ကြားရှိ ကျေးရွာများမှ ဒေသခံများနှင့် ကွမ်းလုံ၊ ဟိုပန်မြို့များမှ ဒေသခံများပါဝင်ကြောင်း သိရသည်။


“ယာယီတိုက်ပွဲရှောင်သူတွေက ထပ်ရောက်လာတယ်။ အခုမန်ဆူရှမ်းကျောင်းမှာလည်း ထပ်လက်ခံလို့မရတော့ တခြားဘုန်းကြီးကျောင်းတွေမှာသွားရောက်ပြီး ခိုလှုံနေကြရတယ်။ ထပ်ရောက်လာတဲ့ တိုက်ပွဲရှောင်သူတွေကို တပ်ဦးကျောင်း၊ ဗောဓါရုံကျောင်းတိုက်နဲ့ တောရကျောင်းတို့မှာ ရောက်ရှိခိုလှုံနေကြပါတယ်။”ဟု ယာယီတိုက်ပွဲရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။


လားရှိုးမြို့တွင် ယာယီတိုက်ပွဲရှောင်စခန်း ၁၁ နေရာခန့်ထိရှိနေပြီး တိုက်ပွဲရှောင်သူအများဆုံးမှာ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင်ဖြစ်ပြီး ကျန်နေရာများမှာ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတို့ဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)