MNP ၊ နိုဝင်ဘာ ၁၅
ပုသိမ်မြို့တွင် ယနေ့ နံနက်ပိုင်းက တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်နေသော ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံကြိုဆိုခြင်းနှင့် တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသော KIA, MNDAA, TNLA, AA, PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို ကျင်းပခဲ့သည်။
ပြည်သူများက စွန့်လွှတ်စွန့်စား တပ်မတော်သားများ အောင်မြင်ပါစေ၊ တရားသောစစ် အောင်ရမည်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသည့် ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းမာပါစေ၊ KIA, TNLA, MNDAA, AA, BPLA, PDF - အလိုမရှိ ပိုစတာများ ကိုင်ဆောင်ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာပြီးနောက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ မကွေးတို့တွင် ပြည်သူများက ရှေတန်းရောက်တပ်မတော်သားများအား ဂုဏ်ပြုထောက်ခံခြင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြပြီး စေတနာရှင် ပြည်သူများက တပ်မတော်သားများထံ ဂုဏ်ပြုငွေ၊ စားသောက်ဖွယ်ရာနှင့် ပေးစာများ ရေးသားပေးပို့၍ အားပေးထောက်ခံလျက်ရှိသည်။
Photo Crd-
https://t.me/MyanmarNationalPost
No comments:
Post a Comment