ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်သည့် ပြည်ဖျက်မီဒီယာ ဧရာဝတီသတင်းဌာနက သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်သည့် ပြည်ဖျက်မီဒီယာ ဧရာဝတီသတင်းဌာနက သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ




MNP ၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီး၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တပ်မတော်မှ အဆိုပါဖြစ်စဉ် နေရာသို့ လေကြောင်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် တပ်မတော်နှင့်ပြည်သူ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများ ကို မလိုလားသည့်  ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)