TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ လုပ်ကြံဖန်တီး ရေးသားထုတ်ပြန်ချက်အပေါ် ပြည်ဖျက်မီဒီယာများ က ထပ်ဆင့်လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ လုပ်ကြံဖန်တီး ရေးသားထုတ်ပြန်ချက်အပေါ် ပြည်ဖျက်မီဒီယာများ က ထပ်ဆင့်လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေလျက်ရှိ





MNP ၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်ရှိ စခန်းသစ်လုံခြုံရေး စခန်းအား TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ နယ်မြေဒေသ လုံခြုံရေးနှင့် တရားဉပဒေ စိုးမိုးရေးအတွက် လိုအပ် သော လုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများဖြင့် တိုက်ခိုက်လာခဲ့သည်ဟု TNLA အဖွဲ့မှ မဟုတ်မမှန် သတင်းထုတ်ပြန် ချက်တစ်ခုကို Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။


အဆိုပါ TNLA  အဖွဲ့၏ မဟုတ်မမှန်ကြေညာချက်အား ခေတ်သစ်မီဒီယာ အပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက် စာမျက်နှာများ၌ ဖော်ပြမှုများ ပြုလုပ်၍ သတင်းအမှားများကို အသီးသီးထုတ်လွှင့်ခဲ့ကြသည်ကို တွေ့ရှိရသည်။


တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ  အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေး ဆောင်ရွက်ရာတွင် ထိရောက်သော လက်နက်ကြီးပစ်ကူဖြင့် တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုများကြောင့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အကျအဆုံး များလာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ပြည်ဖျက်မီဒီယာများ အားကိုးကာ သတင်းမှားများ ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နယ်မြေဒေသ လုံခြုံရေးနှင့် တရားဉပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)