MNP ၊ နိုဝင်ဘာ ၂၉
ချင်းမိုင်မြို့၊ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၇-၁၁-၂၀၂၃ ရက်တွင် ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန် စီကြုံး မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်း၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝပ်ဆိုင်းမွန်ကျောင်းမှ သံဃာတော်များက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအတွက် သာဓုအနုမောဒနာ တရားဟောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။
ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်းက ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ မိသားစုဝင်များက စတုဒိသာကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment