MNP ၊ နိုဝင်ဘာ ၂၉
နစကအစိုးရတာဝန်ယူဆောင်ရွက်သည့် အချိန်မှစ၍ လူမှုကွန်ရက်စာမျက်နှာတွင် အကြမ်းဖက်အားပေး ရေးသားလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အား ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ပုဒ်မ ၁၂၄-ဃ အရ ထောင်ဒဏ် ၇နှစ်၊ ပုဒ်မ ၅၀၅-က အရ ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုဒ်မ (၁၂၄-ဃ) မည်သူမဆို တပ်မတော်သားများ သို့မဟုတ် အစိုးရဝန်ထမ်းများအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်စေရန် တစ်နည်းနည်းဖြင့် ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို ပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။
၅၀၅-က။ မည်သူမဆို-
(က) အများပြည်သူတို့အား သို့မဟုတ် ပြည်သူတစ်စုအား အထိတ်တလန့်ဖြစ်စေလျှင် သို့မဟုတ် အထိတ် တလန့်ဖြစ်စေရန် ကြံရွယ်လျှင်၊
(ခ) မမှန်ဟုသိလျက်နှင့် သို့မဟုတ် မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်း ဖြန့်ဝေလျှင် သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်လျှင်၊
(ဂ) အစိုးရဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အစိုးရဝန်ထမ်းအမျိုးအစားတစ်ခုခု သို့မဟုတ် အစိုးရဝန်ထမ်း များအပေါ် ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်စေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တစ်ခုခုပြုလျှင် သို့မဟုတ် ယင်းသို့ပြစ်မှုကျူးလွန်စေရန် ကြံရွယ်လျှင် သို့မဟုတ် လှုံ့ဆော်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။
အကြမ်းဖက်လှုံ့ဆော်သူ ဦးရဲထွဋ် သည် သူ၏ လူမှုကွန်ရက်စာမျက်နှာမှ တပ်မတော်အရာရှိတစ်ဦး၏ လိပ်စာကို ရေးသားဖော်ပြခဲ့ပြီးနောက် တပ်မတော်အရာရှိမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment