ရှမ်းပြည်(မြောက်ပိုင်း) သောင်းကျန်းသူ နှိမ်နင်းရေး (၁၂-၁၁-၂၀၂၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်(မြောက်ပိုင်း) သောင်းကျန်းသူ နှိမ်နင်းရေး (၁၂-၁၁-၂၀၂၃)






ယမန်နေ့က ရှမ်းပြည်(မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော MNDAA, TNLA, AA သောင်းကျန်းသူများအား တပ်မတော်က နှိမ်နင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အကြမ်းဖက်အဖွဲ့များ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြချက်များအရ -

နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်က (၁၂-၁၁-၂၀၂၃) ရက်နေ့ နံနက်အစောပိုင်းမှ ညနေမိုးချုပ်ထိ လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် (၅)ကြိမ်၊ ရော့ကတ်ဒုံးကျည် (၂၀)လုံး နှင့် လက်နက်ကြီးဖြင့် ( ၄၁)ကြိမ် ဂုတ်တွင်းပတ်ဝန်းကျင်ရှိ သောင်းကျန်းသူ ပစ်မှတ်များကို ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် တပ်မတော် ခလရ-၂၃ တပ်ကုန်းမှ နာမုံကျေးရွာအနီးဝန်းကျင်ရှိ TNLA အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို လက်နက်ကြီးဖြင့် (၁၀)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခြေမှုန်းခဲ့သည်။

သီပေါမြို့နယ်၊ ဘော်ကျိုနှင့် ကျင်တီတံတားအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများကို လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် နှင့် ကျောက်မဲအခြေစိုက် တပ်စခန်းမှ လက်နက်ကြီးဖြင့် (၁၄)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခြေမှုန်းခဲ့သည်။ TNLA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူ အသုံးပြုနေသည့် ကျင်တီတံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့သည်။

လားရှိးမြို့နှင့် အနီးဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို တပ်မတော်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းနှင့် ညပိုင်တွင်း လက်နက်ကြီးဖြင့် (၆၈)ကြိမ် ထက်မနည်း တပ်မတော်၏ ပစ်ခတ်ခြေမှုန်းခြင်း ခံခဲ့ရကြောင်း TNLA အကြမ်းဖက်အဖွဲ့က နှိမ်နင်းခံရမှု အခြေအနေကို ထုတ်ပြန်ရေးသားထားသည်။

နမ့်ခမ်းမြိုရှိ တပ်မတော်စခန်းချထားသည့် စခန်းသစ်ကုန်းမှ TNLA အကြမ်းဖက်သောင်းကျန်းသူများ ၏ ပစ်မှတ်များကို ပစ်ခတ်ခြေမှုန်းဆောင်ရွက်ခဲ့ရသည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ TNLA သိမ်းပိုက်ထားသော ရဲစခန်းကို တပ်မတော်က ပစ်ခတ်ခြေမှုန်းခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေသည့် မန်ပန်ကျေးရွာအနီးဝန်းကျင် ပစ်မှတ်များသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခြေမှုန်းခဲ့ရသည်။

ကျောက်မဲမြို့ရှိ တပ်စခန်းမှ  နောင်ပြစ်ကျေးရွာလမ်းခွဲအနီးဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ တပ်စခန်းမှ ဟန်ပူနှင့် ကြူရှောကျေးရွာ အနီးဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို လက်နက်ကြီးဖြင့် (၂၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြိုရှိ စခန်းသစ်ကုန်းတွင် တပ်စွဲထားသော တပ်မတော်သားများက TNLA အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို ယမန်နေ့ နေ့လည်ပိုင်းတွင် လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့ရသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ရှမ်းပြည်(မြောက်ပိုင်း) ထိတွေ့မှုဖြစ်စဉ်များတွင် တပ်မတော်မှ လက်နက်ကြီးဖြင့် (၁၇၀)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်နှင့် ရော့ကက်ဒုံးကျည် (၂၀)လုံး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း TNLA အကြမ်းဖက်သောင်းကျန်းသူများက သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများ ဆိုးရွာလာသည့် ရှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန်းနီ၊ ကုန်းကြမ်း၊ လောက်ကိုင်မြို့တို့တွင် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်ထားပြီး ပြည်သူများကလည်း အကြမ်းဖက်သောင်းကျန်းသူများ ကို ကန့်ကွက်ရှုတ်ကြောင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား ဂုဏ်ပြု ထောက်ခံပွဲများ အနယ်နယ်အရပ်ရပ်တွင် ကျင်းပ၍ အားပေးထောက်ခံလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)