မြန်မာပြည်မှာ ငြိမ်းချမ်းရေးအတွက် နှစ်စဉ် ဘဏ္ဍာငွေအမြောက်အများ သုံးစွဲခဲ့ရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံအဖွဲ့တွေကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးနိုင်အောင် ဖိတ်ခေါ်ခဲ့တယ်။ လက်ရှိ နစကအစိုးရ လက်ထက်မှာဆိုရင် ဘာကန့်သတ်ချက်မှ မထားဘဲနဲ့ ဖိတ်ခေါ်တယ်။
တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ တိုင်းဖျက် ပြည်ဖျက် (ပြည်ဖျက်မိစ္ဆာ)တွေရဲ့ သရုပ်မှန်ကို သိသာထင်ရှားစွာ တွေ့မြင်လိုက်ရတယ်။
သူတို့တွေဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှာကို မလိုလားဘူး။ ပြည်သူများရဲ့ နေ့စဉ် လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့နေတာမျိုး မမြင်လို မတွေ့လိုကြဘူး။ အတိဒုက္ခရောက်နေတာကို မြင်ချင်တွေ့ချင်တဲ့ လူသန်းပေါင်းစွာကို ဒုက္ခပေးလိုတဲ့ လူ့ငနွား ပြည်ဖျက်မိစ္ဆာတွေဆိုတာကို အထင်အရှား ပြသနေပါတယ်။
NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ပေါင်းများစွာ . . .
KNU မှ ပေါ်ပေါက်လာသော KNU, KNLA, KKO အကြမ်းဖက်အဖွဲ့များ . . .
KIA, MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များ . . .
CNF, CDF, KNPP, KPDF အကြမ်းဖက်အဖွဲ့များ . . .
တိုင်းပြည်မှာ သူယုတ်မာ ပြည်ဖျက်မိစ္ဆာတွေ များလွန်းမက များလာတဲ့ အခြင်းအရာကို ပြသနေပါတယ်။ စစ်မျက်နှာပေါင်းများစွာကနေ တပ်မတော်ကို တိုက်ခိုက်လာပါတယ်။ တပ်မတော် ခေါင်းဆောင်များကတော့ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကို ပြည်သူအများ သိရှိနားလည်အောင် ချပြလိုက်နိုင်တဲ့ အမြတ်ကို ရရှိပါတယ်။
အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ စစ်မျက်နှာပေါင်းများစွာက တိုက်ခိုက်လာခြင်း အကျိုးရလာဒ် ကတော့ ပြည်သူများရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေ များပြာလာခြင်းပဲ ရှိပါတယ်။
ခေတ်အဆက်ဆက် တိုင်းရင်းသား လက်နက်ကိုင် အမည်ခံ မူးယစ်ရာဇာ၊ ပြည်ပသြဇာခံ အဖျက်သမားတွေရဲ့ တိုက်ခိုက်မှုတွေက မအောင်မြင်ခဲ့ပါဘူး။ ယနေ့လည်း မအောင်မြင်ပါဘူး။ ပြည်သူကို အတိဒုက္ခရောက်စေတာပဲ ရှိပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရမယ့် နိုင်ငံဘဏ္ဍာတွေကို ပြည်ဖျက်မိစ္ဆာ နှိမ်နင်းရေးမှာ အသုံးပြုရပါတယ်။ တိုင်းပြည်အတွက် ၂ခါ နှစ်နာပါတယ်။
ပြည်သူများ အတိဒုက္ခကင်းဝေးစေဖို့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အမည်ခံ သူယုတ်မာတွေကို လူရာသွင်းပြီး လက်ခံဆွေးနွေးပေးခဲ့ခြင်းဟာ ရလဒ်မကောင်းဘူး။ သူယုတ်မာတွေရဲ့ စကားဟာ ၃လ မခံဘူး။ ဖောက်ပြန်ရေးသမားတွေ ဖြစ်သွားကြတာပဲ။
အကြမ်းဖက် သောင်းကျန်းသူများဟာ တပ်မတော်ကို တော်လှန်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ လက်နက်မဲ့ဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့ ရွာသူရွာသားများဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကိုယ်ပိုင်စီးပွားရေးကို အေးချမ်းစွာ လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့စစ်အနေနဲ့ အလုပ်ပျက် အကိုင်ပျက် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးကို တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနဲ့အတူ ပူးပေါင်းဆောင်ရွက်လာကြရတယ်။
အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်ကြောင့် ဘယ်ကိစ္စအတွက်မှ ကောင်းကျိုးဖြစ်စေတဲ့ လုပ်ရပ် ပြစရာ မရှိပါဘူး။ အနယ်နယ်အရပ်ရပ် က တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်ရတာပဲ ရှိပါတယ်။
ငြိမ်းချမ်းရေးအတွက် အသုံးပြုမယ့် ငွေကို စစ်အသုံးစရိတ်အဖြစ်သာ ပြောင်းလဲအသုံးပြုပြီး အပြတ်တိုက် အပြောင်ရှင်းခြင်းဟာ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်အတွက် ကောင်းမွန်သော အကျိုးရလဒ် ဖြစ်စေမှာ အမှန်ပါပဲ။
(တိုင်းပြု ပြည်ပြု ဆွေးနွေးဆောင်ရွက်လျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်နေမှုများ အောင်မြင်ပြီးမြောက်သည်အထိ လက်တွဲဆောင်ရွက်နိုင်ကြပါစေ။)
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment