MNP ၊ နိုဝင်ဘာ ၁၃
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံ မှော်ဘီမြို့၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာတိုက်နယ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ တိုက်ကြီးမြို့တို့သို့ သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးသိုလှောင်ခန်းများ၊ ဆေးရုံအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းမှုများ၊ ဆေးရုံသုံးစက်ကိရိယာများ စနစ်တကျအသုံးပြုမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆေးရုံအတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိ မှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းပေးခြင်း၊ ဆေးရုံလုပ်ငန်း တိုးတက်ဆောင်ရွက်နိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment