လားရှိုးမြို့သို့ ထပ်မံရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် နိုင်ငံတော်က ဆန်ရိက္ခာတစ်လစာ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့သို့ ထပ်မံရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် နိုင်ငံတော်က ဆန်ရိက္ခာတစ်လစာ ထောက်ပံ့လှူဒါန်း


MNP ၊ နိုဝင်ဘာ ၁၃

လားရှိုးမြို့သို့ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း နေရပ်စွန့်ခွာရောက်ရှိလာကြသည့် ယာယီနေရပ်စွန့်ခွာသူများအား နိုင်ငံတော်က ဆန်ရိက္ခာတစ်လစာ ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့ နေ့လယ်ပိုင်းက ယာယီနေရပ်စွန့်ခွာသူများ ရောက်ရှိခိုလှုံနေကြသည့် စခန်း(၁၀)နေရာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းကို လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် တာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာသူများရှိရာ စခန်းများသို့ သွားရောက်ကာ လားရှိုးမြို့သို့ ယာယီနေရပ်စွန့်ခွာ၍ ထပ်မံရောက်ရှိလာသည့် အိမ်ထောင်စု (၅၃၀)စုမှ လူဦးရေ (၁၆၇၉)ဦးအတွက် ဆန်ရိက္ခာတစ်လစာ (၁၅၁၁၁၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများသည် သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက် ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် အိမ်ထောင်စု (၁၅၂၆)စု လူဦးရေ (၅၃၇၃)ဦးတို့ ရောက်ရှိခိုလှုံလျက်ရှိကြောင်း သိရသည်။


စိုင်းထွန်း (လားရှိုး)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)