KNLA/PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA/PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင်လျက်ရှိ





MNP ၊ နိုဝင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင် - ရေး - ထားဝယ် လမ်းပိုင်း ပေါ်တွင် KNLA. PDF အကြမ်းဖက်အဖွဲ့များက ခရီးသွား ပြည်သူများထံမှ လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဒေသခံ ပြည်သူတစ်ဦးက "ဒီကောက်တွေက ပြောလိုက်ရင် တော်လှန်ရေး၊ ပြည်သူလူထုကို သူတို့ကပဲ အကာအကွယ်ပေးနေသလိုလို၊ ပြည်သူလူထုကို သူတို့ကပဲ စောင့်ရှောက်နေသလိုလို ဘာတစ်ခုမှ ကောင်းကျိုးပေးတာ မရှိဘူး။ လက်နက်ပြပြီး ပြည်သူလူထုဆီက ခြိမ်းခြောက် ဓားပြတိုက်နေတဲ့ ကောင်တွေပါ။ ဒီလို ဟာတွေကို မရှင်းလင်းနိုင်တဲ့ အတွက် ပြည်သူလူထုရဲ့ ဘဝဟာ မလုံခြုံပါဘူး။" ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် KNLA/PDF အကြမ်းဖက်သမားများသည် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ တံတားများကို ဖျက်ဆီးခဲ့ပြီး ဘုရားဖူးပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများလည်း ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)