အပြစ်မဲ့ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ လွိုင်ကော်တွင် အကျအဆုံးများစွာဖြင့် ဆုတ်ခွါထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြစ်မဲ့ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ လွိုင်ကော်တွင် အကျအဆုံးများစွာဖြင့် ဆုတ်ခွါထွက်ပြေး


MNP ၊ နိုဝင်ဘာ  ၁၃

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော် တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းလာမှုအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရလျှင်ရခြင်း တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဘေးကင်းရာနေရာများသို့ ပို့ဆောင်ပေးနိုင်ရေး စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက် လျက်ရှိစဉ် အကြမ်းဖက်အဖွဲ့များနှင့် အပြန်အလှန်ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိသည်။  

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ် အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော် ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နေစဉ်အတွင်း၌လည်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အများ ပြည်သူများ အစုလိုက်၊ အပြုံလိုက် သေကျေဒဏ်ရာရရှိစေလိုသော ယုတ်မာရက်စက် သည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သော ကြောင့် ဒေသခံပြည်သူအချို့ ထိခိုက် သေဆုံးခဲ့ရသည်။  

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်သည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေလို သည့်၊ အသိဉာဏ်ကင်းမဲ့သည့် လူမဆန်သော လုပ်ရပ်ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်မှု များကြောင့် တက္ကသိုလ်အတွင်းရှိ ပညာရေးဆိုင်ရာ သင်ကြားမှု၊ သင်ယူမှု အထောက် အကူပြုပစ္စည်းများနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရပြီး လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ အကြမ်းဖက်အဖွဲ့များ၏ အလောင်း၊ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တက္ကသိုလ်အနီးတစ်ဝိုက်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။  ထို့ပြင် ယနေ့တွင် စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသဖြင့် ကျောင်းသား၊ ကျောင်းသူ များအတွက် များစွာ ထိခိုက်နစ်နာခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ လုပ်ဆောင်မှုများအပေါ် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးအတွက် လိုအပ်သည်များ တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး ကယားပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ ဒေသ အေးချမ်းသာယာစေရေး၊ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)