ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူများနှင့် တွေ့ဆုံ


MNP ၊ နိုဝင်ဘာ ၁၇

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့က ပြည်ပအလုပ်အကိုင် ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အမှုဆောင်အဖွဲ့ဝင်များနှင့် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဆိုပါ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ ဥက္ကဋ္ဌ ဦးဆောင်သော အမှုဆောင်အဖွဲ့ဝင်များနှင့် နိုင်ငံအလိုက်လုပ်ငန်းကော်မတီ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့်ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေသည့်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများက မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအချင်းချင်း စည်းစည်းလုံးလုံး ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လုပ်ငန်း ဆောင်ရွက်ရာတွင် အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များအပေါ် အပြည့်အဝတာဝန်ယူပြီး လုပ်ငန်းကိုစိတ်ပါဝင်စား၍ ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းအားပေးပါကြောင်း။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၄၈၇ ခုနှင့် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၄၇ ခု ရှိကြောင်း၊ ပြည်ပအလုပ် အကိုင်အကျိုး ဆောင်အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာ ဌာနများသို့ သတင်းပို့၍ အလုပ်သမားသံအရာရှိများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးရန်လိုကြောင်းနှင့် မိမိတို့စေလွှတ်သည့် အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အချိန်အထိ တာဝန်အပြည့်အဝ ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီခေါင်းဆောင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အခက်အခဲများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိ သူများက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားကြရန် အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တစ် ပြေးညီ ပြေလည်အောင်ဖြေရှင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)