MNP ၊ နိုဝင်ဘာ ၁၄
အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိရာ နိုဝင်ဘာ ဒုတိယပတ် (၆ ရက်နေ့မှ ၁၂ရက်နေ့အထိ) စစ်တမ်းများအရ အကြမ်းဖက်သမား ၃၂၈ ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇ဦး ရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းအမြောက်အများလည်း ဖမ်းဆီးရရှိခဲ့သည်။
ရှမ်းပြည် (မြောက်ပိုင်း)တွင် ဖြစ်ပေါ်လျက်ရှီသော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရပြီး နယ်ပယ်ဒေသစုံတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ဆိုးရွားစွာ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ အကြမ်းဖက်သမားများထံမှ လက်နက်ကြီး/ငယ် ၁၀၂လက်၊ ကျည်မျိုးစုံ ၁၅၉၉တောင့်၊ ဗုံးသီး ၄၀လုံး၊ မိုင်း ၃၀လုံး၊ ဒရုန်းအပါအဝင် အခြားဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment