MNP ၊ နိုဝင်ဘာ ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်များနှင့် ဂုဏ်ပြု ထောက်ခံပွဲကို ပြင်ဦးလွင်မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ငြိမ်းချမ်းရေးလို လားသည့် ပြည်သူများက တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေး ဂုဏ်ပြုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှစ၍ ရှမ်းပြည် (မြောက်ပိုင်း)တွင် MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် အပြစ်မဲ့ ဒေသခံပြည်သူများ စစ်ဘေးဒဏ်ကို ကြုံတွေ့နေကြရပြီး အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းဆောင်ရွက်ပေးလျက်ရှိသော တပ်မတော်သားများအား ပြည်သူများက ထောက်ခံ ဂုဏ်ပြုပွဲများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင်လည်း ဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment