ASEANCHAM EU နှင့် ACA Football Partners တို့ ကျင်းပသည့် Business Networking Reception တွင် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး အဖွင့်အမှာစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ASEANCHAM EU နှင့် ACA Football Partners တို့ ကျင်းပသည့် Business Networking Reception တွင် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး အဖွင့်အမှာစကား ပြောကြား






MNP ၊ ဒီဇင်ဘာ ၁၉

အာဆီယံ-အီးယူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ASEANCHAM EU နှင့် ၎င်း၏ မိတ်ဖက်ကော်ပိုရေးရှင်းဖြစ်သည့် ACA Football Partners (ACAFP) တို့မှ စီစဉ်ကျင်းပသည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) အဖွဲ့ဝင် အာဆီယံ သံအမတ်ကြီးများနှင့် အာဆီယံ-အီးယူ စီးပွားရေးလုပ်ငန်းများအကြား Football Diplomacy ကို အခြေပြုသော Business Networking Reception တစ်ရပ်ကို ၁၇-၁၂-၂၀၂၃ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ Deinze City ရှိ Dakota Arena အားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်က  ABC ၏ ဥက္ကဋ္ဌအဖြစ် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

အဆိုပါ Business Networking Reception ကို ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဘာသာရပ်တာဝန်ခံအရာရှိများ၊ ဘယ်လ်ဂျီယံအထက် လွှတ်တော် (Senate) ဥက္ကဋ္ဌ Ms. Stephanie d’Hose၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Andries Gryffroy၊ ဥရောပသမဂ္ဂ ပြင်ပဆက်ဆံရေးဌာန (EEAS) မှ အရှေ့တောင်အာရှဒေသ ဆိုင်ရာဌာနခွဲ အကြီးအကဲ Ms. Leila Fernandez Stembridge၊ Deinze City မြို့တော်ဝန် Mr. Jan Vemeulen နှင့် ASEANCHAM EU ၏ တာဝန်ရှိသူများ၊ ဘယ်လ်ဂျီယံနိုင်ငံရှိ အာဆီယံ-အီးယူစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

Business Networking Reception တွင် မြန်မာသံအမတ်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အခမ်းအနားသည် ဘောလုံးအားကစားပြိုင်ပွဲကို အခြေပြု၍ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုနှင့် စီးပွားရေးအရ ကွန်ရက်တည်ဆောက်မှု ပြုနိုင်စေမည့် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့အပြင် အာဆီယံ-အီးယူနှင့် အာဆီယံ-ဘယ်လ်ဂျီယံအကြား ခိုင်မာသော ဆက်ဆံရေးကို ဖော်ပြနေသည့် သရုပ်သကန်တစ်ခု ဖြစ်ပါကြောင်း၊   အလားတူ အာဆီယံ-အီးယူနှင့် အာဆီယံ-ဘယ်လ်ဂျီယံ (အထူးသဖြင့် Deinze City) အကြားရှိ စီးပွားရေးအရ လက်ရှိဆက်ဆံရေးကို ပိုမိုအားကောင်းလာစေရန်နှင့် တစ်ပြိုင်နက်တည်းတွင် ဆက်ဆံရေးအသစ်များအား တည်ဆောက်နိုင်မည့် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီအနေဖြင့် အာဆီယံနှင့် ဘယ်လ်ဂျီယံအကြား စီးပွားရေးဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ အားကစား သံခင်းတမန်ခင်းနှင့် စွန့်ဦးတီထွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်အားပေးဆောင်ရွက်ရန် ကတိကဝတ်ပြု အလေးအနက် ထားရှိပါကြောင်း၊  ယနေ့အအခမ်းအနားမှသည် အပြုသဘောဆောင်သော ထိတွေ့ဆွေးနွေးမှုများ ထွက်ပေါ်လာရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အခမ်းအနားအပြီး ညနေပိုင်းတွင် ACAFP ၏ စီမံခန့်ခွဲမှုအောက်မှ ဘယ်လ်ဂျီယံကလပ် အသင်းတစ်သင်းဖြစ်သော KMSK DEINZE ဘောလုံးအသင်းနှင့် SL 16  အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ဘယ်လ်ဂျီယံလိဂ်ပွဲစဉ်အား မြန်မာသံအမတ်ကြီးက စပေးဘောလုံး ကန်သွင်းပေးခြင်းဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)