ဒေးဒရဲမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် နေ့သစ်တိုင်းဟာအောင်မြင်ခြင်းစာအုပ်ပါ နေ့ညဉ့်မပြတ် သုံးသပ်အပ်၏ ဆောင်းပါးနှင့် နေ့သစ်တိုင်းဟာအောင်မြင်ခြင်းဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် လူတစ်ဦးချင်းစီရဲ့ ဘဝအရည်အသွေးမြှင့်တင်မှ ဘဝအခြေအနေ ဘဝတန်ဖိုးတွေ မြင့်မားလာမှာဖြစ်ကြောင်း၊ ဘဝဆိုတာပဲ့တင်သံတစ်ခုဖြစ်ပြီး ကောင်းတာလုပ်ရင် ကောင်းကျိုးရမည် အဆိုးလုပ်ရင် အပြစ်ရမှာဖြစ်ပါကြောင်း မကောင်းတာကိုရှောင်ပြီး ကောင်းတာကိုဆောင်ရမှာဖြစ်ပါကြောင်းနှင့် ရှေ့ကအောင်မြင်ခဲ့ကြသူတွေကိုအတုယူပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုကို ရယူရမှာဖြစ်ပါကြောင်း အောင်မြင်မှုကိုအရောက်လှမ်းရာတွင် ဟိုကွေ့၊ ဒီကောက်၊ မလုပ်ဘဲစိတ်ကို ဖြူစင်အောင်ထားရမှာဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းခြင်းကို အပတ်စဉ်ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)