MNP ၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်းရှိ ဦးဇော်ဝင်း၏ " လင်းရောင်ခြည်"ယိုစုံလုပ်ငန်း လုပ်ကိုင်နေမှုအခြေအနေ၊ ရွှေတောင်မြို့နယ် ၊ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်ကျေးရွာရှိ ဒေါ်ဝင်းစပယ်၏ " အသားစားကြက် ( CP) ခြံ "တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ( ပြည်ထောင်စု) ချေးငွေ ( ၄၅၀)သိန်းဖြင့် ကြက်ကောင်ရေ ( ၈၀၀၀) မွေးမြူထားမှု အခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ နွားခြံကုန်းအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ၊ကွင်းအမှတ် ( ၄၄၂) မကျည်းပင်ကွင်းတွင် ဆောင်းသီးနှံပဲမျိုးစုံနှင့် ရာသီပန်းမန် သီးနှံများစိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများ၊ ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စု ကွင်းအမှတ် ( ၄၈၂) ဖားအိုင့်ကွင်းရှိမတ်ပဲ ( ရေဆင်း- ၇)( ၁၅) ဧကနှင့် ( TBL-9)( ၃၅) ဧက စုစုပေါင်း( ၅၀) ဧက စံပြစိုက်ခင်းစိုက်ပျိုးထားရှိမှုအခြေအနေများအားစစ်ဆေးခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာ ရွှေနတ်တောင်စေတီတော်သို့ရောက်ရှိဖူးမြော်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် မိသားစုတို့မှ အလှူတော်ငွေ (၁၀)သိန်းကျပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment