ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင် ( အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင် ( အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေပေးအပ်


MNP ၊ ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့နံနက်  ( ၁၁း၀၀) နာရီ ကမြစိမ်းရောင် ( အသားကဏ္ဍ) ဝက်မွေးမြူရေး စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေပေးအပ်ပွဲကို ကျင်းပခဲ့သည်။

    ရှေးဦးစွာ ပြည်ခရိုင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းကမြစိမ်းရောင်        ( အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူ ရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဦးသိန်းအောင်က မြစိမ်းရောင် ( အသားကဏ္ဍ) ဝက်မွေးမြူရေး စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝက်ကောင် ရေ (၅၆၂)ကောင်အား တစ်ကောင်လျှင် (၁၀၀၀၀၀/-)နှုန်းဖြင့်  စုစုပေါင်း မွေးမြူသူဦးရေ (၁၇၅)ဦးအတွက် ရန်ပုံငွေ( ၅၆၂) သိန်းကျပ်ကို မီးလောင်အုပ်စု၊ဝါးလည်ကျေးရွာ၊မြစိမ်းရောင်       ( အသားကဏ္ဍ) ဝက်မွေးမြူရေး စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

        အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ခရိုင်စိုက်ပျိုးရေးမွေးမြူ ရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်း အောင်နှင့် ဌာနဆိုင်ရာများ ၊မီးလောင်အုပ်စု၊ဝါးလည်ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ)ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)