MNP ၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၁ နာရီအချိန် မီးဘေး လုံခြုံရေး ကွင်း ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ရုံးအတွင်း မတော်တဆ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး နှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မီး ကို စနစ်တကျ အသုံးပြုစေရေး ၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့် ပစ်ရေး ၊ ဆေးလိပ်သောက်သုံးသူ များဖြင့် ဆေး လိပ်ကို မီးမငြိမ်းသတ်ဘဲ မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ရုံး ရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ် ဝန် ထမ်း များဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး ၊ ရှေးဦးမီးသတ်ဆေးဘူးများ အသင့်ထားရှိရန် လိုအပ်ကြောင်း ၊ ရှေးဦး မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်တတ်စေရေး ဆောင်ရွက်ကြရန်လိုအပ်ကာ နှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွား ပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ( မောင်တော)
https://t.me/MyanmarNationalPost
No comments:
Post a Comment