ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန်ပစ္စည်များ၊ စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန်ပစ္စည်များ၊ စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

 




MNP ၊ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သင်ပုတ်ကျေးရွာအုပ်စု၊ သင်ပုတ်ကျေးရွာရွာလယ်ဓမ္မာရုံတွင် စားသုံးသူရေးရာ အသိပညာပေးပွဲ ဟောပြောပွဲနှင့် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးမင်းထွန်းက စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ပစ္စည်းများနှင့် အခြေခံ ဝန်ဆောင်မှုများရရှိသည့်အပေါ်  စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိ ခြင်း၊ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊  ဈေးကွက်အတွင်းရှိ  စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊  စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိစေခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များ အတွက်ပါ  ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်ကျင်တွင်နေထိုင်နိုင်ခွင့် ရရှိစေခြင်းနှင့်  စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးလွင်က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုအာမခံချက်/သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန် သော သတင်းအချက်အလက်များပေးခြင်း၊ ဝယ်ယူစားသုံးသူအားခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များ အပေါ်အခြေခံ၍ အာမခံချက်ပေးခြင်းများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

အသိပညာပေးဟောပွဲအပြီးတွင် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဆည်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)