တံတားဦးမြို့နယ်တွင် မိုးစပါးဆင်းသုခများ စံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် မိုးစပါးဆင်းသုခများ စံကွက်ရိတ်သိမ်းပွဲကျင်းပ


MNP ၊ဒီဇင်ဘာ ၁၈

၂၀၂၃-၂၀၂၄ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးဆင်းသုခများစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူဦးဝင်းချို ကွင်းအမှတ်(၁၃၄၀) ၊ ဦးပိုင်အမှတ်၊ ၂၃၇က/၁ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းဆောင်ရွက်ရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ္စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူဦးကြီးများ တက်ရောက်ကြပြီး မိုးစပါးစံကွက်ရိတ်သိမ်းကြသည်။

မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုထွက်(၁၁၇)တင်းထွက်ရှိကြောင်း အခြောက်ထွက်မှာ  တစ်ဧကလျှင်( ၁၀၂) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်း ထံမှသိရသည်။ တံတားဦးမြို့နယ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများမှာ ဆင်းသုခ၊ မနောသုခ၊ ဧရာပဒေသာ အစရှိသော စပါးများကို အဓိကထားစိုက်ပျိုးကြပြီး မြို့နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးထားကြောင်းလည်းသိရသည် ။

တောင်သူများအနေဖြင့် မိုးစပါးများ ရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများဖြစ်သည့် ဆောင်းနေကြာ၊ ဆောင်းကုလားပဲသီးနှံများကို ဆက်လက်စိုက်ပျိုးနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)