သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) တွင် ပေါင်းစပ်သင်ကြားရေးအစီအစဉ်အရ သင်တန်းသား/သင်တန်းသူ ၄ဝ ဦးအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) တွင် ပေါင်းစပ်သင်ကြားရေးအစီအစဉ်အရ သင်တန်းသား/သင်တန်းသူ ၄ဝ ဦးအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပ

MNP ၊ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)တွင်  ပေါင်းစပ်သင်ကြားရေး အစီအစဉ်အရ ပထမနှစ်(ဒုတိယအသုတ်)တွင် သင်တန်းတက်ရောက်နေသော ကယားပြည်နယ်၊ လွိုင်ကော် သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူ ၄ဝ ဦးအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) ခန်းမတွင်ကျင်းပသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးအပ်ထောက်ပံ့သည့် အဆိုပါထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဇော်ဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် ၁၂ဝ သိန်းကို သူနာပြုသင်တန်းကျောင်းအုပ် ဒေါ်ညွန့်ညွန့်ရီ၊ မိတ္ထီလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိနှင့် သင်တန်းသား/သင်တန်းသူများထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦးက ပေးအပ်ထောက်ပံ့သည်။ ဆက်လက်၍ ထောက်ပံ့ငွေပေးအပ်ခြင်းအပေါ် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ ပေါင်းစပ်သင်ကြားရေး အစီအစဉ်အရ သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)၏ ပထမနှစ် (ဒုတိယအသုတ်)တွင် ကယားပြည်နယ် လွိုင်ကော် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူ ၃၈ ဦးနှင့် သင်တန်းသား ၂ ဦး စုစုပေါင်း ၄ဝ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)