မန္တလေးမြို့တွင် ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ) ဂျက်မ နှင့် အရပ်သား ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သွားသည့် နီပိန်း ပဒက် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့တွင် ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ) ဂျက်မ နှင့် အရပ်သား ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သွားသည့် နီပိန်း ပဒက် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ



MNP ၊ ဒီဇင်ဘာ ၃၀

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၉×၈၀ လမ်းထောင့်တွင်  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ညနေ(၅ ၀၀)နာရီ အချိန် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အလုပ်သင်ရုံးလုပ်ငန်း တစ်လ ဆောင်ရွက်နေသော ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ) ဂျက်မ အား နီပိန်း ပဒက် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

သွားရောက်စစ်ဆေးခဲ့ရာ ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့် (ခ) ဂျက်မ သည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ထမ်းဆောင်ပြီး၍ ရုံးဆင်းကာ အရပ်ဝတ်ဖြင့် ၎င်းနေထိုင်ရာ ၂၆ လမ်း၊ ၆၄×၆၅ လမ်းကြားရှိ အမှတ်(၃) နယ်မြေရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ၂၉ လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်ပြီး လမ်း ၈၀ အတိုင်း မြောက်ဘက်သို့ ချိုးကွေ့ရန်အတွက် ၂၉×၈၀ လမ်းဆုံတွင် ဆိုင်ကယ်ရပ်ဆိုင်းနေစဉ် နီပိန်း ပဒက် အကြမ်းဖက်သမား နှစ်ဦးမှ CZI 125 အနီရောင် မော်တော်ဆိုင်ကယ်ဖြင့် အနောက်မှ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ရာ ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်၏ ဝဲဘက်လည်ပင်း ကျည်ဖောက်ထွက်ဒဏ်ရာ (၁)ချက် ( စိုးရိမ်ရ)ရရှိပြီး မော်တော်ဆိုင်ကယ်ဖြင့် ရပ်နေသည့် နေမျိုးထက် ဆိုသူ ဆေးကုမ္ပဏီဝန်ထမ်း ယာဘက် လက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်အား မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့လည်းကောင်း၊ နေမျိုးထက် အား အမှတ်(၁) စစ်မြေပြင်ဆေးတပ်ရင်း(လပခ) သို့လည်းကောင်း ပို့ဆောင်ခဲ့၍ လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ) ဂျက်မ နှင့် နေမျိုးထက် တို့အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် နီပိန်း ပဒက် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)