ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော ပထမဆုံးခရီး စတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော ပထမဆုံးခရီး စတင်





MNP ၊ ဒီဇင်ဘာ ၂၉

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောများတွင် အပါအဝင်ဖြစ်သော One Intelligence သည် ဂျပန်သင်္ဘောကျင်းတွင် တည်ဆောက် ပြီးစီးပြီးနောက် ပထမဆုံးခရီး စတင်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Imabari Shipbuilding Co ၏ Saijo သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သည့် ကွန်တိန်နာသင်္ဘောကြီး One Intelligence သည် ပေ ၂၀ ကွန်တိန်နာ အလုံးရေ ၂၄,၁၃၆ အထိ တင်ဆောင်နိုင်သည်။ 

အလျား ၃၉၉.၉၄ မီတာရှိသည့် One Intelligence ကို ဂျပန်သင်္ဘောလိုင်းများ ဖြစ်သည့် Kawasaki Kisen Kaisha Ltd., Mitsui O.S.K. Lines Ltd.  Nippon Yusen K.K တို့ ပူးပေါင်းထူထောင်ထားသည့် Ocean Network Express (Japan) Ltd (ONE)မှ ပြေးဆွဲမည် ဖြစ်သည်။

သင်္ဘော တည်ဆောက်ပြီးနောက် ခရီးစဉ်စတင်ရန် ရေချအခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် Saijo သင်္ဘောကျင်းတွင် ကျင်းပခဲ့သည်။ 

Ocean Network Express သည် အကြီးဆုံး အရွယ်အစား ကွန်တိန်နာသင်္ဘောအသစ် ၆ စင်း မှာကြားရန် ၂၀၂၀ ပြည့်နှစ်တွင် ဆုံးဖြတ်ခဲ့သည်။ Imabari Shipbuilding နှင့် Japan Marine United Corp.တို့ထံ အမှာစာများ အပ်နှံခဲ့သည်။

One Intelligence သည် ၆ စီးမြောက် တည်ဆောက်ပြီးစီးသည့် ကွန်တိန်နာသင်္ဘောအသစ်ဖြစ်သည်။ 

One Intelligence သည် တရုတ်၊ စင်ကာပူ၊ ဥရောပ ခရီးစဉ်ကို ပြေးဆွဲသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)