ရွှေတောင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေး နေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေး နေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 





MNP ၊ ဒီဇင်ဘာ ၂၉

ပဲခူး တိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများကသာသနဓဇ ဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ စာအောင်သံဃာ တော်များအား ဆက်ကပ်လှူဒါန်းနိုင်ရေး၊ (၇၆)နှစ် မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အငြိမ်းစားဝန်ထမ်းများ နှင့် ရွှေတောင် ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေများနှင့် ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အပတ်စဉ် စုပေါင်း သန့်ရှင်းရေးဆောင်ရွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌မှုများအား ဝိုင်းဝန်းပူး‌‌ပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနအလိုက် လစဉ် ပုံမှန်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ရွှေတောင်မြို့နယ် အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များ ကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)