ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်





MNP ၊ဒီဇင်ဘာ ၄

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားအား မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စတို့ကို သဘောပေါက်နားလည်နိုင်စွမ်း မြှင့်တင်ရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးများ၊ ကောင်းကျိုးစီးပွားတို့အတွက် ပံ့ပိုးဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်နိုင်ရန် ကျင်းပရခြင်းဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့တွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်ကာ အသိပညာမြှင့်တင်နိုင်ရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာမှာ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေးသည် အရေးကြီးကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်တဲ့  “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ကူညီဆောင်ရွက်တဲ့ လုပ်ငန်းရပ်တိုင်းမှာ မသန်စွမ်းသူများပါဝင်စေမှသာ ပိုမိုပြည့်စုံမှုရှိမှာဖြစ်ကြောင်းနှင့် မသန်စွမ်းသူများအတွက် အခွင့်အလမ်း၊ အခွင့်အရေးများကိုအများနည်းတူ ရရှိခံစားနိုင်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် တတ်စွမ်းသရွေ့ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသန်စွမ်းများတည်းခိုနိုင်ရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးထားသည့် ဟိုတယ်ပိုင်ရှင်၊ မသန်စွမ်းသူများ ပညာရေးနောက်ကျမှုမရှိစေရေး စောင့်ရှောက်ပညာသင်ကြားပေးနေသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘုရားသုံးဆူ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ မသန်စွမ်းသူများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိသူများအား လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ယင်းနောက် မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီး၊ အခမ်းအနားတက်ရောက်လာသည့် မသန်စွမ်း သားငယ်/သမီးငယ်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် မသန်စွမ်းမိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)