MNP ၊ ဒီဇင်ဘာ ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်လုပ်ငန်းရှင်များမှ ကြီးကြပ်လျက် ယနေ့ နံနက် ၉ နာရီ အချိန်က ရပ်ကွက်နေပြည်သူများသို့ ဆန်ရောင်းချပေးခဲ့သည်။အမ်းမြို့ပေါ်ရပ်ကွက်ရှိ ဆန်အရောင်းဆိုင်များမှ ရပ်ကွက်နေပြည်သူများသို့ လူတစ်ဦးလျှင် ဆန်(၃)ပြည်မှ(၅)ပြည်နှုန်းဖြင့် ဆန်အသွယ် တစ်ပြည်(၃၅၀၀) ကျပ်နှုန်းနှင့် ပေါ်ဆန်းမွှေး တစ်ပြည် (၅၅၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြောင်းသိရသည်။ထိုသို့ ဆန်လုပ်ငန်းရှင်များမှ ပြည်သူများသို့ ဆန်ရောင်းချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment