အမ်းမြို့ အထက(၁)၌ (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို)ဟော ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့ အထက(၁)၌ (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို)ဟော ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ





MNP ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ဒီဇင် ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် (အ ကြို) ဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အထက(၁) ပညာရတ နာ ခန်းမတွင် ကျင်းပပြုလုပ် သည်။ရှေးဦးစွာ ဟောပြောပွဲတွင် အထက(၁)မှကျောင်းအုပ်ဆရာ ကြီး ဦးဝင်းနိုင်စိုးက ကျောင်း သားကျောင်းသူများအား အမျိုး သားအောင်ပွဲနေ့နှင်ပတ်သက်သည့်အကြောင်းအရာများ၊ ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အထက်တန်းအဆင့် အလယ်တန်းအဆင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်များ စည်းကမ်းချက်များကိုရှင်လင်းဆွေးနွေးခဲ့သည်။ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာ ရှိ ဦးစန်းဝင်းက ကျောင်းသား ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို)အသိ ပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်းဖြစ်ပေါ်လာပုံ၊ အမျိုးသားညီညွှန်ရေးဆိုသည်မှာ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက် စသည့်အကြောင်းအရာများအား  အကျယ်တဝင့်ရှင်းလင်း ဟော ပြောခဲ့သည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိနှင့် ဝန်ထမ်းများကကျောင်းသားကျောင်းသူများအားအမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ပြီး (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ဆက်လက်၍ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အထက်တန်းအဆင့်အလယ်တန်းအဆင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများအား ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ် ပြိုင်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)