ရွှေတောင်မြို့ပြည်တောင်တန်းရေနံမြေ တွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့ပြည်တောင်တန်းရေနံမြေ တွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသ




MNP ၊ ဒီဇင်ဘာလ ၂၈

 ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး ၍အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျှက်ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာယမန်နေ့နံနက် (၀၈ :၀၀)နာရီအချိန်ကပြည်တောင်တန်းရေနံမြေရှိ ဝန်ထမ်းများအားမီးဘေးအသိပညာပေးဟောပြော၊သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်ငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် လက်တွေ့ငြိမ်းသတ်သရုပ်ပြသခြင်းများအား ပြည်‌တောင်တန်းရေနံမြေရှိသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက် ဇာတ်တိုက်လေ့ကျင်လေ့ကျင့်ခြင်းများကိုပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)