ရွှေတောင်မြို့နယ်အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

 






MNP ၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတပါဌာနဆိုင်ရာအကြီးအကဲများ၊က ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

      အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊မယားမာန်ကျေးရွာအုပ်စု၊ကွင်းအမှတ်( ၄၇၇) ၊ မယားမာန်ကွင်းအတွင်းရှိလယ်မြေ( ၁၀)ဧကတွင် ဆိုလာရေတင်စက်ဖြင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်၊"အောင်ဟိန်းဇော်"ကုမ္ပဏီ မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွာသာယာ- နွားခြံကုန်း-မြို့မလမ်းကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊နွားခြံကုန်းအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာကွင်းအမှတ် ( ၄၄၂) တွင်မေမြို့ပန်း ( ၆.၅၀) ဧက၊ပြောင်း( ၂) ဧကနှင့် နွေးစပါး ( ၂) ဧက၊ စုစုပေါင်းဧက( ၁၀.၅၀)ဧကအားဆိုလာရေတင်စက်ဖြင့်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု ၊ ကျီးသဲတိုက်နယ်ဆေးရုံတွင် ၂၀၂၃ - ၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေမတည်ထောက်ပံ့ငွေဖြင့် ဆေးရုံအမိုးဟောင်းများ လဲလှယ်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်း ( ၁၀၀)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ကျီးသဲတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိသော ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံလိုအပ်ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြိုနယ်ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

      ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေတောင်မြို့နယ် ၊ ပေါင်းချုပ်ကျေးရွာအုပ်စုရှိ ပေါင်းချုပ်ချောင်းပိတ် ရေမြှင့်တံခါး တည်ဆောက်ခြင်းလုပ်ငန်း  ( ၁၀၀)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများ ၊ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်၊" စိမ်းရောင်စိုကမ္ဘာ "ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်မြို့နယ် ဂွေးတောက်မြောင်ကျေးရွာ ( မြေ+ မြေနီလမ်း) ( ဝ/ ၆. ၃၈၉မိုင်x၁၂"x၂"-၉) ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)