လသာမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

 


MNP ၊ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူး၍ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က (အထက-၂)လသာ၊ မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းမှာ မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းသူများ၏ (၂၀၁၅ ခုနှစ်)ဥပဒေပါအခွင့်အရေးများနှင့် (၂၀၁၇ခုနှစ်)နည်းဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် ၎င်းတို့၏ ဆန္ဒအလျှောက် မသန်စွမ်းသူဖြစ်ကြောင်း အသိအမှတ်ပြုရန်အတွက် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျှောက်ထားနိုင်ရန်၊ မသန်စွမ်းသူအရေအတွက်နှင့် မသန်စွမ်းမှုဆိုင်ရာ စာရင်းဇယားအချက်အလက်များ တိကျမှန်ကန်စွာရရှိစေရန်၊ မသန်စွမ်းသူများ၏ ဘဝတစ်လျှောက် ကဏ္ဍအားလုံးတွင် အပြည့်အဝဆောင်ရွက်ခွင့်ရရှိစေရန်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ တိုးတက်ရရှိစေရန် သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆန်းထွန်းအောင်၊ အဖွဲ့ဝင်(၂) ဦးနန်းညွန့်ဝင်းမော်၊ အတွင်းရေးမှူး ရဲမှူးအောင်အောင်၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် နည်းပြများအဖြစ် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယဦးစီးမှူးတို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားဦးရေ (၆၄)ဦး၊ သင်တန်းကာလမှာ (၂၇-၁၂-၂၀၂၃ မှ ၂၈-၁၂-၂၀၂၃)ရက်နေ့ထိဖြစ်ကြောင်း သတင်းရရှိသည်။


နန်းသဲနုအောင်    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)