ငါး၊ ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါး၊ ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

 



MNP ၊ဒီဇင်ဘာ ၂၇

ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ငါး၊ ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးလုပ်ငန်းကဏ္ဍသည် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ တင်ပို့လျက်ရှိပြီး ငါးရိက္ခာနှင့် အစာအာဟာရလိုအပ်ချက် ဖြည့်ဆည်းပေးရာတွင် အဓိကကျသည့်နေရာမှ ပါဝင်လျက်ရှိကြောင်း၊ ငါးမွေးမြူထုတ်လုပ်ရာတွင် အာဟာရပြည့်ဝပြီး ဘေးဥပါဒ်ကင်းစေရန်နှင့် ဝင်ငွေကောင်းမွန်စွာ ရရှိနိုင်ရေးအတွက် ကောင်းမွန်သော ရေထွက်ပစ္စည်း ထုတ်လုပ်မှုကျင့်စဉ် GAqP စနစ်များကို ကျင့်သုံးရမှာဖြစ်ပြီး ငါး/ပုစွန် ရေထွက်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် သိရှိလိုက်နာကြရန် အထူးလိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်စေရေး ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အချိန်အခါကောင်းဖြစ်၍ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ကုန်ကြမ်းတင်ပို့သည့်အဆင့်မှ ကုန်ချောတင်ပို့နိုင်သည့်အဆင့်ထိ တိုးတက်စေရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများရရှိစေရေး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိရိုးဖလာရေထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရာတွင် အစားအစာ ဘေးကင်းလုံခြုံစွာ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး သင်တန်းမှ ပို့ချပေးလိုက်သည့် နည်းပညာများကို အခြေခံပြီး မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပါက လက်တွေ့လိုက်နာကျင့်သုံးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်သူ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး သင်တန်း/သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်း၌ ငါး၊ ပုစွန်များတွင် ပါဝင်သော အာဟာရဓာတ်များ၊ လတ်ဆပ်မှုလက္ခာဏာများအားသိရှိစေရန်၊ ငါး၊ ပုစွန်အရည်အသွေး စစ်ဆေးဆုံးဖြတ်သော နည်းလမ်းများနှင့် ကုန်ကြမ်းပစ္စည်းများ ပုပ်သိုးပျက်စီးမှုမှာ ကာကွယ်ရန် နည်းလမ်းများအား သိရှိစေရန်၊ ရေခဲအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုနှင့် ဆိုးကျိုးများအား သိရှိစေရန်၊ အခြေခံအစားအစာ ထုတ်ပိုးခြင်းအတတ်ပညာများနှင့် ဓာတုဗေဒဆေးဝါး အသုံးပြုထားခြင်းအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ဘေးကင်းလုံခြုံသော အစားအစာများ ထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ဝင်ငွေအခွင့်အလမ်း ပိုမိုကောင်းမွန်စွာရရှိစေရန် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ငါးမွေးမြူရေး လက်တွေ့သရုပ်ပြရှင်းလင်းဆောင် ဆောက်လုပ်နေမှုနှင့် သဘာဝငါးမျိုးများဖြစ်သည့် ငါးရံ့၊ ငါးခူ၊ ငါးကျည်း မျိုးပွားကန်များအား လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)