သထုံမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

MNP ၊   ဒီဇင်ဘာ    ၁




မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့၊ နံနက်က သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက် (ငါးကြီးအင်း)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ကျန်းမာရေး အသိပညာပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းဦးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက "လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများတို့ကို ဆွေးနွေးဟောပြောပြီး စနစ်မှန်သည့် သွားတိုက်နည်း လက်တွေ့သရုပ်ပြ အသိပညာပေးခြင်းတို့ကိုပြလုပ်ခဲ့ကြသည်။အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက (ငါးကြီးအင်း) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၇၄၀)ဦးတို့အား အထွေထွေကျန်းမာရေးစစ်ဆေးပြီး လိုအပ်သူတို့အား ကုသပေးခြင်း၊ သွားကျန်းမာရေး မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားရောဂါကုသပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်း စသည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)