တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


MNP ၊ ဒီဇင်ဘာ ၁၈

ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမား များက ဒီဇင်ဘာလ ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့် အကြာအတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နှစ်ထပ်ကျောင်းဆောင် အပေါ်ထပ်ရှိ ကျောင်းအုပ်ကြီးရုံးခန်း၊ ဆရာ/ဆရာမများ နားနေဆောင်နှင့် စာသင်ဆောင်အချို့ မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် အဆိုပါအခန်းများအတွင်းရှိ ရုံးသုံးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အဆိုပါကျောင်း ကျောင်းအုပ်ဆရာကြီးအား C.M.D.A ပြောက်ကျားတပ်ဖွဲ့အမည်ဖြင့် အကြမ်းဖက်သမားများက ကလေးငယ်များအား ပညာသင်ကြားခြင်းမပြုဘဲ ကျောင်းပိတ်ထားရန် ခြိမ်းခြောက်စာနှင့်အတူ ကျည်ဆံတစ်တောင့် ပေးပို့ခြိမ်းခြောက်ခဲ့ပြီး ကျောင်းမပိတ်သဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)