ဒုတိယဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲ တက်ရောက်


MNP ၊ ဒီဇင်ဘာ ၂၃

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့က မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့ Royal Palace Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ လုပ်ငန်းရှင်များနှင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေး ဌာနများမှတာဝန်ခံများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မန္တလေးတိုင်းဒေသကြီးတွင် MSME လုပ်ငန်းများ အများအပြားရှိကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ ဒေသခံများအနေဖြင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း၊ ပြည်ပခရီးသည်များ အများဆုံး လာရောက်သော နယ်မြေဖြစ်၍ ဟိုတယ်နှင့် ခရီးသွားလာမှုလုပ်ငန်း အဖြစ်ထွန်းဆုံးဒေသဖြစ်ကြောင်း၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင် ပညာရှင်များ လိုအပ်၍ လုပ်ငန်းရှင်များအနေဖြင့် NSSA နှင့်ချိတ် ဆက်ပြီး ကျွမ်းကျင်လုပ်သားများ စစ်ဆေး အကဲဖြတ်နိုင်ရေး၊ Assessment Center များ တည်ထောင်နိုင်ရေးနှင့် NSSA စစ်ဆေး အကဲဖြတ်ခြင်းများတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။        

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ NSSA ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း အလုပ်အကိုင် ၂၃ မျိုး အတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာန ၃၃ ခုကို တည်ထောင်၍ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဖြေဆိုသူ ၃၆၇၈ ဦးကို စစ်ဆေးအကဲ ဖြတ်ခဲ့ရာ အရည်အသွေးပြည့်မီသူ ၃၅၁၂ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)