အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲ ကျင်းပ



ရန်ကုန် ဒီဇင်ဘာ ၂၃

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများ၏ စိတ်ဓာတ်နှင့်စည်းကမ်း ပိုမို ကောင်းမွန်လာစေရန်၊ အခြေခံပညာနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးစည်းလုံး ညီညွတ်မှု ပိုမိုရရှိစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော သင်ကြားနည်း စနစ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို ရိုးသားကြိုးစား ထမ်းဆောင်ကာ မိမိအလုပ်အပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားကြရန် တိုက်တွန်းမှာကြားသည်။


အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၃) သို့ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၃၈၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တပါတ် ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)