၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၏ ဘဏ္ဍာငွေ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၏ ဘဏ္ဍာငွေ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ ဒီဇင်ဘာ ၂၀

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၏ ဘဏ္ဍာငွေ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မူလလုပ်ငန်းစီမံကိန်းတန်ဖိုး စုစုပေါင်းပမာဏအတွင်းမှ ဘဏ္ဍာနှစ်အတွင်း အမှန်တကယ်ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်းပမာဏကိုသာ လျာထားတောင်းခံရန်၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၏ လုပ်ငန်းတန်ဖိုးများကို ဒေသပေါက်ဈေးဖြင့် တွက်ချက်ရေးဆွဲကြရန်၊ ငွေလုံးငွေရင်း အသုံးစရိတ် ခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာတွင် အမျိုးသားစီမံကိန်းဥပဒေနှင့်အညီရေးဆွဲရန်၊ ၂၀၂၂-၂၀၂၃မှ ၂၀၂၆-၂၀၂၇ အထိ (၅)နှစ် စီမံကိန်းလုပ်ငန်းစဉ်များကို အထောက်အကူပြုအောင်ရေးဆွဲရန်၊ နှစ်လတ်ဘဏ္ဍာရေးမူဘောင်အရ ရေးဆွဲထုတ်ပြန်ထားသည့် မူဘောင်နှင့်အညီ ရေးဆွဲပေးပို့ကြရန်၊ နိုင်ငံတော်၏မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများအား ဦးစားပေးထည့်သွင်းရေးဆွဲရန်၊ ပုံစံဒီဇိုင်းနှင့် ခန့်မှန်းခြေစာရင်း ရေးဆွဲတွက်ချက်ရာတွင် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်း ပေါ်မူတည်၍ ပုံစံဒီဇိုင်းများ၊ ဗိသုကာပုံစံ၊ ပုံထုတ်ဒီဇိုင်း၊ ရေသန့်နှင့်လျှပ်စစ်ဒီဇိုင်းများအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီတို့မှ သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် ပညာရှင်များ၏ လက်မှတ်ပါရှိရေး သတိပြုဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်‌ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းခြေငွေစာရင်းများ လျာထားရေးဆွဲရာတွင် လိုက်နာရမည့်အချက်များ၊ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်များရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတိပြုလိုက်နာရမည့်အချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်များရေးဆွဲထားမှု၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် စက်ပစ္စည်းများဝယ်ယူခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်းတို့အတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲထားရှိမှုနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးစိစစ်သုံးသပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)