တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ



MNP ၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ကျောင်းအုပ်ဆရာကြီး ဉီးကျော်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး ပုံပြောပြိုင်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ပုံပြင်များဖြစ်သော ''မျိုးချစ်ရှင်သန် တိုင်းရင်းမာန်''၊ ''ခေါင်း ဆောင်ကောင်း''၊ ''လိမ္မာရစ်ကြပါ''စသည့်ခေါင်းစဉ်များဖြင့် Grade-2 မှ ကျောင်းသား၊ ကျောင်းသူ(၄) ဉီးနှင့် Grae-3 မှ ကျောင်းသား၊ ကျောင်းသူ(၈)ဉီးတို့က မဲနှိုက်ယှဉ်ပြိုင်ခဲ့ကြပြီး Grade-2 တွင် ပထမဆုကို မဂရေ့(စ်)နိုဘယ်လင်း၊ ဒုတိယဆုကို မောင်လင်းခန့်ပိုင်နှင့် တတိယဆုကို မောင်ဖြိုးထက်ကျော်တို့ကလည်းကောင်း၊ Grade-3 တွင် ပထမဆုကို မရွှန်းလဲ့မောင်ကြည်၊ ဒုတိယဆုကို မစုပြည့်ပြည့်မွန်နှင့် တတိယဆုကို မရွှေပိုးအိမ်တို့ကလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲတော်ကျင်းပချိန်တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။


ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)