MNP ၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာ လ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးလက်ဒေသများဖြစ်သည့် မိုင်းခွန်ကျေးရွာ အုပ်စု၊ ဝမ်ဟွေလုံကျေးရွာအုပ်စု ၊ ပန်ဆတ်ကျေးရွာအုပ်စု တို့ကို ကွင်းဆင်း၍ ပြည်သူ့ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ကွင်းဆင်းမှုတွင် ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေ စစ်ဆေးကုသပေးခြင်း၊ အထွေထွေ ရောဂါစစ်ဆေးကုသပေးခြင်း၊ လူထုအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ၊ သွားကျန်းမာ ရေးစစ်ဆေးကုသပေးခြင်း ၊ အသက် ၅ နှစ်အောက် ကလေးငယ်များကို Vitamin – A တိုက်ကျွေးခြင်းနှင့် အာဟာရစောင့်ရှောက်မှုပေးခြင်း ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တီဘီရောဂါရှာဖွေ ဓာတ်မှန်ရိုက်လူနာ - ၄၀၃ ဦး ၊ သလိပ်စစ် လူနာ - ၁၃ ဦး ၊ အထွေထွေရောဂါ စစ်ဆေးကုသလူနာ - ၁၉၅ ဦး ၊ သွားကျန်းမာရေးကုသမှုခံယူသူ - ၆၀ ဦး ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူ - ၅၀ ဦး ၊ အသက် ၅ နှစ်အောက် ကလေးကျန်းမာရေးစောင့်ရှောက်မှု ခံယူသူ - ၇၀ဦး ၊ စုစုပေါင်း ၇၇၈ ဦး တို့ကို ပြည်သူ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချော
https://t.me/MyanmarNationalPost



No comments:
Post a Comment