MNP ၊ ဒီဇင်ဘာ ၁
၂၀၂၃-ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ်အဖြစ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ အသိပညာပေး Talk Showအစီအစဉ်ကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။အဆိုပါ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က မသန်စွမ်းသူများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ၊ မသန်စွမ်းအမျိုးအစားများအကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေးနေသည့် မသန်စွမ်းသူများအတွက် အခွင့်အရေးဆိုင်ရာများ၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)အနေဖြင့် မသန်စွမ်းသူများအတွက် ရည်ရွယ်သင်ကြားပေးနေသည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ် များနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Showများကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment