အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏
အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ (နေပြည်တော်) ၏
ထုတ်ပြန်တောင်းဆိုချက်
ရက်စွဲ ။ ။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်
မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေသော အကြမ်းဖက်သောင်းကျန်း သူများနှင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ အကြမ်းဖက်လုပ်ရပ်များသည် ပိုမိုဆိုးသွမ်းသည့် အခြေအနေသို့ ရောက်ရှိလာနေပါသည်။
ရှမ်းပြည်(မြောက်ပိုင်း)တွင် MNDAA ဦးဆောင်သော အကြမ်းဖက်သောင်းကျန်းသူ ၃ဖွဲ့၏ တိုက်ခိုက်မှုများ နှင့်အတူ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ KIA, PDF တို့က ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ပြီး ရခိုင်ပြည်နယ်တွင်လည်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လုပ်ဆောင်လျက်ရှိ ပါသည်။ ကရင်ပြည်နယ်တွင်လည်း ကော့ကရိတ်မြို့အတွင်း ဝင်ရောက် တိုက်ခိုက်သကဲ့သို့ ကယားပြည်နယ် တွင်လည်း လွိုင်ကော်မြို့တွင် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် မငြိမ်မသက် ဖြစ်ပေါ်လျက်ရှိပါသည်။
အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာအကြမ်းဖက်အဖွဲ့များသည် အများပြည်သူ အသုံးပြုနေသည့် လမ်း တံတားများကို ဖျက်ဆီးခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လျှပ်စစ်တာဝါတိုင်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များကို ဖျက်ဆီးခြင်း၊ လျှပ်စစ်ဓာတ်အားပေးရုံများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု အတိဒုက္ခ ရောက်စေ ရန် ပစ်မှတ်ထား လုပ်ဆောင်နေသော အကြမ်းဖက်လုပ်ရပ်များသာ ဖြစ်ပါသည်။ နယ်စပ်ဒေသ ကုန်သွယ်ရေးစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုများ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ဖျက်ဆီးခြင်းများကြောင့် ပြည်သူများ၏ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက်လည်း အခက် ကြုံနေရပါသည်။
ပြည်သူလူထု အတိဒုက္ခရောက်စေရန် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ် များကို လက်ပိုက်ကြည့်နေကြမည်ဆိုပါက ပိုမိုဆိုးရွာသည့် အခြေအနေကိုသာ ရောက်ရှိသွား လိမ်မည်ဟု ရှုမြင်ပါသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်သားစွာ လုပ်ဆောင်ရန် တာဝန်ရှိသူများကလည်း ပိုမိုဆိုးရွာလာသည့် အခြေ အနေများကို ထောက်ရှု၍ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို လျှင်မြန်စွာဆောင်ရွက်ရန်နှင့် တည်ငြိမ်အေး ချမ်းမှုကို လိုလားသော ကျွန်ုပ်တို့ ပြည်သူများကလည်း အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးတွင် မိမိတို့ တတ်စွမ်းသည့် ဘက်မှ တတ်အားသ၍ လက်တွဲဆောင်ရွက်ကြရန် အသိပေး တိုက်တွန်းသည်။
အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်ကို ဖော်ဆောင်၍ ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခရောက်အောင် လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ KIA, PDF အကြမ်းဖက်အဖွဲ့များအနေဖြင့်လည်း မိမိတို့၏ လုပ်ရပ်များအပေါ် ပြန်လည်ပြင်ဆင်သုံးသပ်၍ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်း များက တိုင်းဖျက် ပြည်ဖျက် လုပ်ဆောင်ရန် ကူညီပံ့ပိုးပေးနေမှုများအပေါ် သာယာမိန်းမော၍ ပြည်သူလူထု တစ်ရပ်လုံးကို အတိဒုက္ခ ရောက်စေရန် ကာလရှည်ကြာ လုပ်ဆောင်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ်ကြရန် အလေးအနက် မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။
မြန်မာ့အမျိုးသားရေးကွန်ရက်
https://t.me/MyanmarNationalPost



No comments:
Post a Comment