လူမှုကွန်ယက်စာမျက်နှာများ၌ အချက်အလက် တိကျခိုင်မာမှုမရှိသည့် သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမှုကွန်ယက်စာမျက်နှာများ၌ အချက်အလက် တိကျခိုင်မာမှုမရှိသည့် သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိ




MNP ၊ ဒီဇင်ဘာ ၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ကလေး- တမူး လမ်းမပေါ်ရှိ ထန်းတပင်ကျေးရွာကို ဒီဇင်ဘာ ၃ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့်  ရခိုင်ပြည်နယ်၊ ပုဏ္ဏကျွန်းမြို့ရှိ ကျေးရွာ ၂ ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းစသည် ဖြင့် အချက်အလက် တိကျခိုင်မာခြင်း မရှိသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ယက် စာမျက်နှာများ၌ ဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်များအရ အဆိုပါ ကျေးရွာများနှင့် အနီးတစ်ဝိုက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာမှု မရှိကြောင်းသိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများ အနေဖြင့် ဒေသခံပြည်သူ များ ကြောက်ရွံ့ထိတ်လန့်လာစေရန်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အားကိုးယုံကြည်မှု နည်းပါးလာစေရန် အတွက်ယခုကဲ့သို့ အချေ အမြစ်မရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ယက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)