ဆိုင်းလေကြိုးတံတားဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်းလေကြိုးတံတားဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး တက်ရောက်



MNP ၊ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆိုင်းလေကြိုးတံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဆိုင်လေကျေးရွာအနီး အဆိုပါကြိုးတံတားရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ကြိုးတံတားဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဆိုင်လေကျေးရွာမှ ရွာသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြိုးတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်ကုန်းကျေးရွာအုပ်စု ဟောင်ဟင်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့်အကျိုးဆောင်တောင်သူတို့ ပူးပေါင်းဆောင်ရွက်သည့် ဆောင်းပဲပုတ်(ရေဆင်း-၁၅) မျိုးစေ့ထုတ်စိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း(Cp-888) စိုက်ပျိုးထားရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နားမွန်းကျေးရွာစာသင်ဝိုင်းနှင့် ဆိုက်ခေါင်ကျေးရွာ စာသင်ဝိုင်းသို့သွားရောက်၍ မြန်မာစာ၊ မြန်မာစကား၊ ဂဏန်းသင်္ချာ သင်ကြားနေခြင်းကို ကြည့်ရှုအားပေးပြီး အ.မ.က(နားလီး)ကျောက်အတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်ခင်းရန်ရန်ပုံငွေ(၁၀၀)သိန်းနှင့် မူလွန်(ဆိုက်ခေါင်)ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း၊ ကျောင်းလမ်းကွန်ကရစ်ခင်းရန် ရန်ပုံငွေကျပ်(၁၀၀)သိန်းတို့ကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)