MNP ၊ ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန်အတွက်အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက် (၁၀း၀၀)နာရီအချိန်ကငပလီမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ငပလီမြို့ရုံး၌ ပြသခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက နံ ရံကပ်ကြော်ငြာစာနဲ့ပတ်သက်၍ ဘွဲ့ရရှိပြီးလုပ်ငန်းခွင်သို့ဝင်ရောက်ရန်စောင့်နေသူများနှင့်တက္ကသိုလ်ဝင်အောင်မြင်ပြီးလုပ်ငန်းခွင်ဝင်ရောက်လိုသူများကိုအခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ယခုလိုကြော်ငြာဘုတ်များတွင်တစ်လလျှင်(၂)ကြိမ်ကြော်ငြာစာကပ်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလာရောက်ကြည့်ရှုကြသည့်လူငယ်များက ငပလီမြို့ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများ၏ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင် ရွက်ပေးထားမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်
https://t.me/MyanmarNationalPost
No comments:
Post a Comment