ပညာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ



MNP ၊ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပညာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းဝေးခန်းမ၌ ကျင်းကပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးဦးတိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး (စီမံ+ဘဏ္ဍာ) ဒေါက်တာကျော်စိုးနိုင်က စီမံရေးရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာချစ်ကိုကိုက စာမေးပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးများက မိမိတို့တာဝန်ယူရသည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများက မိမိတို့ခရိုင်နှင့် မြို့နယ်များတွင် လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ပညာရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြင့်ဟန်

 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)