MNP ၊ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီးက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲတွင် တက်ရောက်အမှာစကား ပြောကြားသည်။ ထို့နောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့အတူ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် သစ္စာအဆောင်တွင် ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၁ ဦးက လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးက ထူးတဲ့ရှုခင်း လွတ်လပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ခေါင်းစဉ်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment