တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊ သွင်းကုန် ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊ သွင်းကုန် ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်



တာချီလိတ် ဒီဇင်ဘာ ၂၈

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၂၆ ရက်အထိ) ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀၂ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး ၅၈ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၃၂ သန်း၊ ကြက်သွန်ဖြူ ၂၉ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၈၁ သန်း၊ လိမ္မော်သီး ၁၃ ဒသမ ၂ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၀၂ သန်း၊ ပလတ်စတစ်ဖြတ်စ ၁၀ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၀၄ သန်းနှင့် စက္ကူဖြတ်စ တန် ၃၀ တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း စုစုပေါင်း ဒေါ်လာ ၀ ဒသမ ၁၂၂ သန်း တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင်  ဓာတ်ဆီ ဒေါ်လာ ၀ ဒသမ ၀၆၅ သန်း၊ ဒီဇယ် ဒေါ်လာ ၀ ဒသမ ၂၆၅ သန်း၊ မီးခံအုတ် ဒေါ်လာ ၀ ဒသမ ၀၄၀ သန်း၊ ကွန်ကရစ်အမိုးပြား ဒေါ်လာ ၀ ဒသမ ၀၁၄ သန်း၊ ဘိလပ်မြေမျက်နှာ ကြက်ပြား ဒေါ်လာ ၀ ဒသမ ၀၂၄ သန်း၊ ကားတာယာ ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း နှင့် ဘိလပ်မြေ ဒေါ်လာ ၀ ဒသမ ၀၂၅ သန်း အပါအဝင် ဒေါ်လာ ၀ ဒသမ ၅၁၄ သန်း တင်သွင်းနိုင်ခဲ့သည်။ ငွေလဲနှုန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျပ် တစ်သိန်းလျှင် ၁၀၀၅ ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။


Ref -  DOCA

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)