ပထမဆုံးအကြိမ် ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ကျင်းပခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပထမဆုံးအကြိမ် ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ကျင်းပခြင်း




MNP ၊ ဒီဇင်ဘာ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့က ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ခရီးသွားလုပ်ငန်းအထောက်အကူပြု ခရီးစဉ်ဒေသများကို လှည့်လည်ကြည့်ရှုကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင် အပန်းဖြေစခန်းသို့သွားရောက်ပြီး ဒေသ၏အထင်ကရ ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် နောင်တုံကန်ပတ်ဝန်းကျင်နှင့် ကျိုင်းတုံဟော်နန်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဘုရားကို သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းသည်။

ယင်းနောက် သက်တမ်းရင့်လက်ဖက်စိုက်ခင်းများတည်ရှိရာ ဝမ်ဆိုင်းကျေးရွာသို့သွားရောက်၍ ခရီးသွားလုပ်ငန်းအထောက်အကူပြု ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဖော်ဆောင်နိုင်ရေး လှည့်လည်ကြည့်ရှုကြပြီး ဝမ်ဆိုင်းဒေသထွက်  လက်ဖက်ခြောက်ကို ဒေသအမှတ်အသားအဖြစ် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ်တောင်ကျေးရွာအုပ်စု၊ ဟိုယန်းကျေးရွာရှိ ကျိုင်းတုံရေတံခွန်သို့သွားရောက်၍ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေတံခွန်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသ မထိခိုက်စေရေးမှာကြားကာ ဒေသခံ တိုင်းရင်းသားရိုးရာအကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကျိုင်တုံမြို့နယ် လွိုင်မွေတောင်စခန်းမြို့၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) တို့ ပူးပေါင်းကျင်းပသော ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ (၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို   ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားကိုယ်စားလှယ် (၁) ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လွိုင်မွေဒေသ၌ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း၊ ချယ်ရီပန်းပွဲတော်နှင့်အတူ တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ပထမဆုံးအကြိမ်စတင် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပွဲတော်ကို ဒေသ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝကိုမြတ်နိုး၍ ချယ်ရီပန်းများအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အစားအစာများကို ဖော်ထုတ်မြှင့်တင်ပေးရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်စေခြင်းဖြင့် ခရီးသွားလုပ်ငန်းများမြှင့်တင်ရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲ ကျင်းပရခြင်းရည်ရွယ်ချက်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဝန်ဆောင်မှုများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး သင်တန်းများ ဖွင့်လှစ်ပေးမှုများ၊ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများ ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အစားအစာပြပွဲတွင် ပါဝင်ပြသရောင်းချကြသည့် တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသားအဖွဲ့များကိုယ်စား အာခါတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချနေသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဥယျာဉ်သို့သွားရောက်၍ ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုပြီး ကျိုင်းတုံမြို့ရှိ Keng Tung Resort Hotel ၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)